top of page
owner

U Han Htoo

PBS Founder

MBA (Australian Catholic University)
MPA ( Assumption University Of Thailand)

tr1

Daw Zar Zar Tin Htut

BA (History)

Diploma in International Relations (YU) Diploma in International Law(YU)

Diploma in Business Law(YU)

Diploma in Maritime Law (YU)

Master of Business Administration (International University of Japan)

ဒဂုံတက္ကသိုလ်မှ B.A(History)ဖြင့် တက်ရောက်လေ့လာဘွဲ့ရရှိခဲ့ပါသည်။ထို့နောက် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့လွန် ဒီပလိုမာ များဖြစ်သောDip; in International Relations, Dip; in International Law, Dip; in Business Law, Dip; in Maritime Law တို့ကို ဆက်တိုက် တက်ရောက်လေ့လာ၍ဘွဲ့ရရှိခဲ့ပါသည်။ ထို့ပြင်စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာမဟာဘွဲ့ကို ဂျပန်နိုင်ငံ International University of Japan မှ Master of Business Administration ကို Credit (၅၈)ခု Concentration (၃)ခုဖြင့်လေ့လာ၍ဘွဲ့ရရှိခဲ့ပါသည်။

ပြည်ပအတွေ့အကြုံ

--------------------

ဂျပန်နိုင်ငံ နေထိုင်၍ International University of Japanမှ MBA ကိုတက်ရောက်လေ့လာဘွဲ့ရရှိခဲ့သည့်အပြင်၊အခြားပြည်ပသင်တန်းများအနေဖြင့် ASEAN- Japan, Human Resources Development Collaborations Training Program အရ ဂျပန်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် Technical Cooperation and Sustainable ကို ၄င်း၊ Japan နိုင်ငံရှိ AOTS-Japan ၏ ဖိတ်ကြားချက်အရ Training Program on” Industrial Relationship and Human Resource Management ကို၄င်း၊ Japan နှင့်အင်ဒိုနီးရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် Partnership Program of AOTS - Japan and Indonesia Employers Association ( APINDO ) တို့ပူးပေါင်းဆောင်ရွက်သည့် Workshop and Bilateral Meeting on " In Search of a Global Standard for Better Industrial Relationship Communication " ကို၎င်း မြန်မာနိုင်ငံ၏ Private Sector ကို ကိုယ်စားပြု ၍ တက်ရောက်ခဲ့ပါသည်။

1. Master of Business Administration ( MBA ) , International University of Japan

2. Training Program on "Vocational Training Development" , Japan , Malaysia

3. Training Program on "Industrial Relationship and Human Resource Management" , Japan

4. Workshop and Bi-literal Meeting on" In-search of a Global Standard for Better Industrial Relationship Communication" , Indonesia

လုပ်ငန်းအတွေ့အကြုံ

--------------------

လုပ်ငန်းအတွေ့အကြုံအနေဖြင့် ၁၉ ၉ ၉ ခုနှစ်မှစတင်၍ Private Sector ၌ အလုပ်လုပ်ကိုင်ခဲ့ရာ အငယ်တန်းဝန်ထမ်းမှ စီမံခန့်ခွဲမှုဆိုင်အကြီးတန်းအရာရှိဖြင့် ရာထူးအဆင့်ဆင့်ကို တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ အလုပ်လုပ်သက် စုစုပေါင်း ၂၂နှစ် ရှိပြီဖြစ်ပါသည်။

သင်ကြားရေး

--------------

သင်ကြားရေးအနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသော စီးပွါးရေးလုပ်ငန်းတစ်ခု၏ အလုပ်ပိတ်ရက်များဖြစ်သော စနေ၊ တနင်္ဂနွေရက်များတွင်မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အခန်းကဏ္ဍ ရှိဝန်ထမ်းများ၊ လူငယ်များ၏ လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပေးရန် ရည်ရွယ်၍ UMFCCI Training Institute , Strategy First University, National

Management Academy, Parami International (PBS)တို့တွင်Human Resources Management, Logistics and Supply Chain Management စသည့်ဘာသာရပ်များကို လုပ်ငန်းအတွေ့အကြုံနှင့်ပေါင်းစပ်ပြီး စာတွေနှင့်လက်တွေ့ပေါင်းစပ်၍ Online/Offline သင်ကြားပို့ချပေးချက်ရှိပါသည်။

1. UMFCCI Training Institute

2. Strategy First University

3. National Management Academy

4. Parami International ( PBS)

tr2

Daw Aye Aye Win

Bachelor of Commerce (Honors)

Master of Commerce

Diploma in English

Master of Arts in International Business Studies of Graduate Program in Comparative Culture

ဆရာမကြီးဒေါ်အေးအေးဝင်းသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Bachelor of Commerce (Honors) နှင့် Master of Commerce ဘွဲ့များကို ၁၉၉၅ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်များတွင် ရရှိခဲ့ပါသည်။ ဆရာမကြီး ဒေါ်အေးအေးဝင်းသည် ၂၀၀၅ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ Diploma in English ဘွဲ့ကို ရရှိခဲ့ပါသည်။

ပြည်ပအတွေ့အကြုံ

--------------------

ဂျပန်နိုင်ငံမှ Master of Arts in International Business Studies of Graduate Program in Comparative Culture ဘွဲ့ကိုလည်း ထပ်မံရယူခဲ့ပါသည်။

သင်ကြားရေး

--------------

သင်ကြားရေးအနေဖြင့် ဆရာမကြီးသည် Parami International -PBSတွင်Diploma In Business Management&Administrationဘာသာရပ်ကို သင်ကြားပို့ချပေးနေပြီးNational Management Academy တွင် သင်ကြားပို့ချပေးနေသော Swiss MBA Program မှ Personal Development for Leadership and Strategic Management , Strategic Planning နှင့် မိတ်ဖက်စီပွားရေးလုပ်ငန်းများအတွက် Corporate Training များကိုလည်း ပို့ချပေးလျက်ရှိပါသည်။

tr3

U Nyi Nyi

MPA (Aldersgate Philippine), B.A , D.A (Psychology) YUHRM (Training & Development Manager) New Link Co.,Ltd

ဆရာဦးညီညီ (ခ) ဦးစိုးမင်းထွဏ်းသည် -ညီညီ(စိတ်ပညာ)၊ ညီညီ(တတ်သိလိမ္မာ) စတဲ့ကလောင်အမည်တွေနဲ့ စိတ်ပညာရှုထောင့်ကိုအခြေခံတဲ့ စာအုပ်တွေ စိတ်ခွန်အားဖြစ်စေတဲ့ စာအုပ်တွေ အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/သူတွေအတွက် စာစီစာကုံးရေးသားနည်း စာအုပ်တွေ၊တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူတွေအတွက် မြန်မာစာမေးခွန်းပုံစံသစ် ရေးသားဖြေဆိုမှုလမ်းညွှန် စာအုပ်တွေကို ရေးသားထုတ်ဝေထားတဲ့ ဆရာတစ်ဦးဖြစ်ပါတယ်။

ပြည်ပအတွေ့အကြုံ

--------------------

ဆရာဦးညီညီဟာ သင်ကြားမှုဆိုင်ရာအနုပညာဘာသာရပ်ကို ဒေါက်တာမာတင်ဟိုလ်ဒါ(ဆွစ်ဇာလန်) ထံမှာ လေ့လာသင်ယူခဲ့ပြီးတော့ ဖိလစ်ပိုင်နိုင်ငံ၊ အဲလ်ဒါးဂိတ်ကောလိပ် (မဟာဗျူဟာနှင့် လေ့လာရေးစင်တာ) မှာ ပြည်သူ့ရေးရာမူဝါဒ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဘာသာရပ်တွေကို လေ့လာသင်ယူထားသူ တစ်ဦးပါ။ -ပြောင်းလဲခြင်းဆိုင်ရာစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုပညာရပ် (စင်ကာပူစီမံခန့်ခွဲမှုတက္ကသိုလ်) လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာပညာရပ်(စင်ကာပူလူ့စွမ်းအားအရင်းအမြစ်အင်စတီကျု့) အပြုအမူပြောင်းလဲခြင်းနှင့် အသင်းအဖွဲ့အတွင်း တိုးတက်ရေး ဘာသာရပ် (နဂိုရ၊ ဂျပန်နိုင်ငံ) မြန်မာတို့အတွက် ခေါင်းဆောင်မှုပညာရပ် (အိုဆာကာ၊ ဂျပန်)စတဲ့ဘာသာရပ်တွေကိုလည်း လေ့လာသင်ယူခဲ့ပါတယ်။

လုပ်ငန်းအတွေ့အကြုံ

--------------------

Talent Development နဲ့ Counselor လုပ်ကိုင်ဆောင်ရွက်ခြင်း နယ်ပယ်တွေမှာ နှစ်ပေါင်း (၂၀)ကျော် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး နိုင်ငံတကာနဲ့ ပြည်တွင်းလုပ်ငန်း၊ အဖွဲ့အစည်း စုစုပေါင်း (၁၅၀)ကျော်မှာ လုပ်ငန်းခွင်သင်တန်းပေးခြင်း၊ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်း စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါသည်။ -ဆရာ့အနေနဲ့ စိတ်ပညာ၊ အသုံးချစိတ်ပညာ စတဲ့ပညာရပ်တွေကို အထူးပြုလေ့လာခဲ့သလို မနုဿဗေဒ၊ လူမှုရေးပညာ၊ စာပေဖန်တီးရေးသားမှုနှင့် တည်းဖြတ်မှုပညာ စတာတွေကိုလည်း မန္တလေးတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ် တို့မှာ လေ့လာသင်ယူခဲ့သူ ဖြစ်ပါတယ်။ယခုအချိန်မှာတော့ ဆရာဟာ New Link Co., Ltd. မှာ HRM ( Training and Developing Manager) အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။

သင်ကြားရေး

--------------

သင်ကြားရေးအနေဖြင့် ဆရာကြီးသည် Parami International College -PIC နှင်ံ့ National Management Academy တို့တွင်Diploma In Sales & Marketing ဘာသာရပ်ကို သင်ကြားပို့ချပေးနေပြီး  Seminar, Webinar များကိုလည်း ပို့ချပေးလျက်ရှိပါသည်။

tr4

U Htet Hein (James)

Master Of Business Administration (MBA)

Murdoch University (Australia)

ဆရာဦးထက်ဟိန်းဟာ ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်းနှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်ပါတယ်။အစိုးရအထက်တန်းကျောင်းအောင်မြင်ပြီးတဲ့နောက်မှာ ရန်ကုန်ဆေးတက္ကသိုလ်တစ် မှာ (2) နှစ်ကျော်ကျော် ပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။ စာသင်ကြားခြင်းနယ်ပယ်မှာ ဝါသနာပါသူဖြစ်တဲ့အတွက် အထက်တန်းပြီးကတည်းက တက္ကသိုလ်တက်နေစဉ်အတွင်း ဂိုက်ဆရာ၊လက်ထောက်သင်ကြားရေးဆရာ လုပ်ခဲ့ပါတယ်။ အဲဒီနောက် တက္ကသိုလ်တတိယနှစ်လောက်မှာ ဆရာဝန်လုပ်ဖို့ ဝါသနာနဲ့စိတ်ကူးမရှိတာကြောင့် မိမိနှစ်သက်ရာ အလုပ် လုပ်ကိုင်ဖို့စတင် ဆုံးဖြတ်ခဲ့ပါတယ်။ 

အလုပ်လုပ်ဖို့နဲ့ ပညာဆက်လက်ဆည်းပူးဖို့ UAE နိုင်ငံကိုထွက်ခွာခဲ့ပြီး ပြည်ပ Retail Industry မှာ (2) နှစ်အလုပ်လုပ်ခဲ့ပါတယ်။

အလုပ်လုပ်ရင်း Master ဘွဲ့ကို Murdoch University (Australia) မှရယူ အောင်မြင်ခဲ့ပါတယ် ။ဒါအပြင်ဆရာဟာယခုလက်ရှိမှာစီးပွားရေးဆိုင်ရာ Diploma ဘာသာရပ်တွေနှင့် Master Of Business Administration (MBA) ကိုလည်းသင်ကြားပြသပေးလျှက်ရှိပါတယ်။

လုပ်ငန်းအတွေ့အကြုံ

--------------------

အဝေးသင်ဘွဲ့ယူဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး စီးပွားရေးနယ်ပယ်ကို ခြေစုံပစ်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီမျိုးစုံမှာ brand strategist, business strategist, marketing professional အဖြစ် ၁၀နှစ်ကျော် ရပ်တည်လုပ်ကိုင်ခဲ့ပါတယ်။

သင်ကြားရေး

--------------

သင်ကြားရေးအနေဖြင့် ဆရာကြီးသည် Parami International College -PIC နှင်ံ့ National Management Academy တို့တွင်Diploma In Sales & Marketing, Swiss MBA, France MBA, Diploma in International Marketing  ဘာသာရပ်တို့ကို သင်ကြားပို့ချပေးနေပြီး  Seminar, Webinar များကိုလည်း ပို့ချပေးလျက်ရှိပါသည်။

tr5

Daw Htoo Tint Kwyal

*B.A(English) *Master of Business Administration (Candidate) *Diploma in Executive Business Management(UK IQN) *Diploma in Business English(UK IQN) *National Licensed Tour Guide(English)

tr8

Daw  Thiri Hnin Kyaw

B.Pharm (Ygn) Diploma in Human Resources Management (UK) Diploma in Human Resources Development (UK) MBA(Hospital and Health Services Management) (UK)

tr9

Daw Su Shwe Yi Win

Bachelor of Business Administration (Honours) Master of Business Administration (Thesis) BBA (Hons) MBA (Thesis)

tr10

Daw Phyo Wai Wai Htun

B.A.(Eng) YUFL Dip in Eng (YUFL)

tr6

U Soe Moe Win

M P A . B.A (myanmar) . Dip in English (Global).Dip in ( Marketing) Dip in Human Capital Development and Management

tr7

U Ye Zin

1) B.E (Mechanical) MTU 2) M.Sc (Project Management) Birmingham City University, UK

bottom of page